ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းဆိုင်ရာ သိမှတ်ဘွယ်ရာသင်တန်း တစ်ခုရှိနေပြီဆိုတာကိုသင်သိပါသလား။

၂၀၂၀နှစ်မှစ၍ ဗုဒ္ဓဘာသာဝင်များအနေဖြင့်ဤသင်တန်းကိုတက်ရောက်ဖို့ ရွေးချယ်နိုင်ပြီ​ဖြစ်သည်။ဗုဒ္ဓ့ဘာသာအကြောင်းကိုလေ့လာရင်းမိမိကိုယ်ကိုပိုမိုနားလည်အောင်လုပ်ခြင်းအပြင်အခြားလူငယ်များနှင့်ပါရင်းနှီးကျွမ်းဝင်စေရင်ဖွင့်လှစ်ထားသောသင်တန်းဖြစ်ပါသည်။သင်တန်းသားများအနေဖြင့်သင်တန်းချိန်အတွင်းသင်ယူစရာအများအပြားရှိသလိုပျော်ရွင်ဖွယ်ရာအစီစဉ်များလည်းပါရှိပါသည်။သင်တန်းဆင်းပွဲတွင် ဘာသာရေးအကြီးအကဲများမှ ဂုဏ်ပြုစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များလည်း ခြီးမြှင့်ပါမည်။

 

ဤသင်တန်းသည်မည်သည့်သင်တန်းမျိုးအစားဖြစ်သနည်း။

ဤသင်တန်းသည်နာရီ၃၀ခန့်ကြာပြီး ၂ကြိမ် တက်ရောက်စုဝေးမှု ရှိမည်ဖြစ်ပါသည်။ သင်တန်းကာလအတွင်းအော်စလိုမြို့အနီးရှိဗုဒ္ဓဘာသာဘုရားကျောင်း၌အခြားသင်တန်းသားများနှင့်အတူနေထိုင်ရမည်ဖြစ်ပြီး (၃)ညအိပ် ( ၄)ရက်ကြာသင်တန်းဖြစ်သည်။

သင်တန်းချိန်အတွင်း ခန်းမ၌သင်ကြားပို့ချခြင်း၊ အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းအပါအဝင် ညနေပိုင်းတွင် လူမှုလှုပ်ရှားမှုဆိုင်ရာ( Social Activities)အများအပြားပါရှိပါမည်။  အတူတကွ စားသောက်ခြင်း၊ အတူတကွ အနားယူအပမ်းဖြေခြင်းဖြင့်သင်တန်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရန် အထူးရည်ရွယ်ပါသည်။

 

မည်သည့်အကြောင်းအရာများ လေ့လာသင်ယူမည်နည်း

ဗုဒ္ဓဘာသာဆိုင်ရာအကြောင်းအရာများကို အဓိကသင်ယူလေ့လာနိုင်မည်။ ဘာသာရေးဆိုင်ရာကိစ္စရပ်များစွာကိုရင်းနှီးကျွမ်းဝင်ရန်လိုအပ်သော်လည်း အောက်ဖော်ပြပါ အဓိကကျသည့် အကြောင်းအရာများသာ ဦးစားပေးရှင်းလင်းပို့ချသွားမည်ဖြစ်သည်။

-ဗုဒ္ဓဝင်ဇာတ်လမ်းများ

-ဗုဒ္ဓဘာသာပေါ်ထွန်းလာခြင်း

-ကံ ကံ၏ အကြောင်း/ အကျိုးတရား

-အနိစ္စတရား

-ဘာသာရေးဆိုင်ရာကျင့်ဝတ်

-တရားဘာဝနာပွားများအားထုတ်ခြင်း

-ဗုဒ္ဓဘာသာ အယူဝါဒဆိုင်ရာ ကွဲပြားခြားနားသည့်လမ်းညွှန်ချက်များ

-ဗုဒ္ဓသာသနာသမိုင်းကြောင်း

-လက်တွေ့ကျသော လူမူရေးဆိုင်ရာ အကြောင်းတရားများ (မိတ်ဆွေ၊ မိသားစု၊ ပတ်ဝန်းကျင်နှင့် တရားမျှတမူများ)

သင်တန်းကာလအပြီး စာမေးပွဲစစ်ဆေးမှုမရှိပါ၊ ဤသင်တန်း၏ အဓိက ရည်ရွယ်ချက်မှာ သင်တန်းသားများအားလုံး ဗုဒ္ဓအတွေးအခေါ် ဘာသာတရားနှင့် ရင်းနှီးကျွမ်းဝင်၍ အရေးကြီးသည့် ဘာသာရေးဆိုင်ရာ အခွင့်အရေးများခံစားရရှိစေရန် ဖြစ်သည်။

နော်ဝေးဘာသာစကားဖြင့် သင်ကြားသည့်သင်တန်းဖြစ်သည်။

ဤသင်တန်းအား မည်ကဲ့သို့ ဆက်သွယ်နိုင်မည်နည်း။

သင်တန်း ဝင်ခွင့်ရရှိရေး အတွက် ဗုဒ္ဓဘာသာအသင်း Email: kontor@buddhistforbundet.no သို့ လျှောက်ထားစာရင်းပေးသွင်းနိုင်သည်။ (သို့မဟုတ်)

9340 Gronland, 0135 Oslo သို့ လျှောက်လွှာစာပေးပို့ပါ။

စာရင်းပေးသွင်းသည့်အခါ မိမိ၏ အမည်၊ လိပ်စာ၊ မွေးသက္ကရာဇ်နှင့် အီးမေးလ်တို့ကို ရေးသား

ဖြည့်စွက်ရမည်။ သင်တန်းကြေးအား ဘဏ်အကောင့်နံပါတ် 1254 20 20472 သို့ ပေးချေရပါမည်။

သင်တန်းကြေးလက်ခံ ရရှိပြီးပါက သင့်အမည်အား မှတ်ပုံတင်ပြီးပါကြောင်း အတည်ပြုချက်နှင့်တကွ သင်တန်းဆိုင်ရာ သတင်းအချက်အလက်များအား ပြန်လည်ပေးပို့ပါမည်။

ယခုနှစ်သင်တန်းနှင့်ပတ်သက်သောသတင်းအချက်လက် များကို ဤဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

www.buddhistforbundet.no